လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့ တွင် (၀၉း၀၀)နာရီမှစတင်၍ (၁၂း၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာအုပ်စု၊ ကြက်ဆူကျင်းကျေးရွာနှင့် ကျောက်ဖူးကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)