လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ ရွှေကူမြို့နယ် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်၍ မိုးသည်းထန်းစွာရွာ သွန်းမှုကြောင့် မြို့လှမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်၌ တစ်စိတ်တစ်ပိုင်း လေဘေးသင့် အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်တန် ဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူ(၁)ဦးလျှင် (၂၁၀၀/-) ကျပ်နှုန်းဖြင့် (၇)ရက်စာ ဆန်ဖိုးငွေ (၁၈၉၀၀/-) ကျပ်တို့အား မြို့လှမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၂၄-၄-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃ဝ) နာရီအချိန် တွင် ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_apr2020
Source: ရွှေကူမြို့နယ် ဦးစီးမှူးရုံး (ဘစမ)