Category Archives: News
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ တောညောင်ပင်သာ ကျေးရွာအုပ်စု၊ အင်ပင်လှကျေးရွာ၊ ကြေးခိုင်မကျေးရွာ၊ ပိတောက်စမ်းကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄-၄-၂၀၂၀)ရက်နေ့တွင် (၁၀း၀၀)အချိန်မှစ၍ (၁၄း၀၀)အချိန်ထိ ယင်းမာပင်မြို့နယ်၊ ရွာသာကျေးရွာ၊ ပြန်လှည့်ကျေးရွာ၊ ပ-သီးကုန်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ စည်လှောင်ကျေးရွာ၊ အောင်ချမ်းအေးကျေးရွာ၊ ရွှေစုကျေးရွာ၊ သကြားစက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်းနှင့်အတူ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) အချိန်မှ (၁၃:ဝဝ)အချိန်ထိ ကန်တော်ကျေးရွာ၊ ရွာသာယာ ကျေးရွာ၊ အေးကျွန်းကျေးရွာနှင့် ရွှေချောင်းကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည် အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ နေ့လည်(၁၃းဝဝ)နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ ဈေးရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ စာရေးကုန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် သံကြိုးတိုင်ရပ်ကွက်ရှိ ပြည်သူများအား လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်းရှိ နားပုံကျေးရွာ၊ နားပြိန်းကျေးရွာ နှင့် ပုံဝိုးကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို ဗမာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီချိန်မှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ အနောက်ဘက်ကမ်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ COVID-19 ကူးစက်မြန်အဆုတ်ရောင် ရောဂါပြန့်ပွားမှုများမရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့ကို အသံချဲ့စက်ဖြင့် အသိပညာပေးဆော်သြခြင်း နှင့်အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊နံနက် (၀၈:၃၀) နာရီမှ (၁၂:၃၀)နာရီအချိန်ထိ လပွတ္တာ မြို့နယ်၊ ကန်ဘက်ကျေးရွာအုပ်စု၊ အောင်သာယာ(၁)ကျေးရွာ၊ အောင်သာယာ(၂)ကျေးရွာ၊ မြကန်သာကျေးရွာနှင့် ဆပ်ချောင်း ကျေးရွာများ သို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၂၄.၄..၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အောင်သီရိရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ ပြည်တော်အေး၊ ရွှေဘုံသာ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် လက်ကမ်းစာစောင်များဝေငှခြင်း၊ COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် နံနက် (၉း၄၅) အချိန်မှ (၁၀း၄၅) အချိန်ထိ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲ မြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပန်ကျေးရွာတွင်လည်းကောင်း၊ နေ့လည် (၁၂း၀၀) မှ (၁၂း၃၀) ထိ သံတွဲခရိုင် ၊ သံတွဲမြို့နယ် ၊ တလင်းဆိပ်ကျေးရွာတွင် လည်းကောင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 … Read more
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့ နံ့နက် (၁၀:၀၀) နာရီအချိန်မှ (၁၂) နာရီအချိန်အထိ လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အသိပညာပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









