လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ နေ့လည်(၁၃းဝဝ)နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ ဈေးရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ စာရေးကုန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် သံကြိုးတိုင်ရပ်ကွက်ရှိ ပြည်သူများအား လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)