
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် နံနက် (၉း၄၅) အချိန်မှ (၁၀း၄၅) အချိန်ထိ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲ မြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပန်ကျေးရွာတွင်လည်းကောင်း၊ နေ့လည် (၁၂း၀၀) မှ (၁၂း၃၀) ထိ သံတွဲခရိုင် ၊ သံတွဲမြို့နယ် ၊ တလင်းဆိပ်ကျေးရွာတွင် လည်းကောင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_apr2020