လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊နံနက် (၀၈:၃၀) နာရီမှ (၁၂:၃၀)နာရီအချိန်ထိ လပွတ္တာ မြို့နယ်၊ ကန်ဘက်ကျေးရွာအုပ်စု၊ အောင်သာယာ(၁)ကျေးရွာ၊ အောင်သာယာ(၂)ကျေးရွာ၊ မြကန်သာကျေးရွာနှင့် ဆပ်ချောင်း ကျေးရွာများ သို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)