Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၄-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟော်နန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် လက်ခုပ်တန်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကိုဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာ ပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၂၄-၄-၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင်(၀၉:၃၀)နာရီမှ (၁၁:၀၀)နာရီအထိလည်းကောင်း၊ အရှေ့စုကျေးရွာ တွင်(၁၁:၀၀) နာရီမှ (၁၂:၀၀) နာရီအထိလည်းကောင်း၊ သရက်အုပ် (၁၃:၀၀) နာရီမှ (၁၄:၂၀) နာရီအထိလည်းကောင်း၊ ရွာသစ်ကျေးရွာတွင် (၁၄:၂၀) နာရီမှ (၁၅:၄၅) နာရီ လည်းကောင်း၊ အစုကြီးကျေးရွာတွင် (၁၅:၄၅) နာရီမှ (၁၇:၀၀) နာရီအထိ လတ်တလောနိူင်ငံအသီးသီးတွင် ကူးစက်ပျံနှံလျှက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများ၌ ဆပ်ပြာနှင့် Mask များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့ရှိ၊ အမှတ်(၁) IDPs စခန်းနှင့် အမှတ်(၂) IDPs စခန်းအတွင်းရှိ အိမ်ထောင်စု (၃၁၂)စု အတွက် အိမ်ထောင်စုတစ်စုလျင် ဆပ်ပြာ(၂)ခဲ၊ mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ(၆၂၄)ခဲနှင့် mask (၆၂၄) ခု တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn _apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ငှက်ပြာကြီးကျေးရွာအုပ်စုရှိ ငှက်ပြာကြီးကျေးရွာ၊ သရက်ခုံကျေးရွာနှင့် ပေါက်ခုံကျေးရွာ၊ ညောင်နီချောင်းကျေးရွာအုပ်စုရှိ ညောင်နီချောင်းကျေးရွာနှင့် လွန်သာကျေးရွာ၊ ငှက်ကွေးကျေးရွာအုပ်စုရှိ ငှက်ကွေးကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် စိုင်နီကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန် /ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ဖက်ခါးကုန်းရွာ၊ စိန်ပန်းကုန်းရွာ၊ ရှမ်းကုန်းရွာ၊ မကျီးကုန်းရွာ၊ ရှောက်ပင်ခြုံရွာ၊ မြင့်ဒူးရွာ၊ ခံသာရွာ၊ မင်းကုန်းရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ ညနေ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနား မြို့နယ်၊ ကျွန်းဦးကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ကူးတို့ဆိပ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ကံဦး ကျေးရွာ၊ ဇီးရိုင်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာန တို့နှင့်အတူ (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ စတင်၍ မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာ၊ လျှော်တောကျေးရွာနှင့် ရေငံကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄ -၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၅/၅၆/၂၅/၅၇/၂၈/၂၉/၃၇/၃၈) ရပ်ကွက်များတွင်၎င်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ စံချိန်မီရပ်ကွက်၊ အေးမြသီတာရပ်ကွက်၊ ရွှေပြည် သာရပ်ကွက်၊ မီးပြကျေးရွာအုပ်စု တို့တွင် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့်အတူ Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိ လိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များ အတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့ (၁၅;၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားသိရှိစေရန်အတွက်အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ (၂၁-၄-၂၀၂၀)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် တမူးမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့ရသော ပြိုလဲအိမ်ခြေ(၂)လုံး၊ အမိုးလန် အိမ်ခြေ (၆၅)လုံးတို့မှ လူဦးရေ (၃၆၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇၄၇,၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၂၂၅,၀၀၀ိ/-) စုစုပေါင်း (၂,၉၇၂,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာတို့အား (၂၃-၄-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: တမူးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









