
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄ -၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၅/၅၆/၂၅/၅၇/၂၈/၂၉/၃၇/၃၈) ရပ်ကွက်များတွင်၎င်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ စံချိန်မီရပ်ကွက်၊ အေးမြသီတာရပ်ကွက်၊ ရွှေပြည် သာရပ်ကွက်၊ မီးပြကျေးရွာအုပ်စု တို့တွင် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့်အတူ
Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိ လိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များ အတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ အသိပညာပေးကြော် ငြာခြင်း၊ ပိုစတာများကပ်ခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_apr2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)