လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ငှက်ပြာကြီးကျေးရွာအုပ်စုရှိ ငှက်ပြာကြီးကျေးရွာ၊ သရက်ခုံကျေးရွာနှင့် ပေါက်ခုံကျေးရွာ၊ ညောင်နီချောင်းကျေးရွာအုပ်စုရှိ ညောင်နီချောင်းကျေးရွာနှင့် လွန်သာကျေးရွာ၊ ငှက်ကွေးကျေးရွာအုပ်စုရှိ ငှက်ကွေးကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် စိုင်နီကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန် /ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020