COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၄-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟော်နန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် လက်ခုပ်တန်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကိုဆောင်ရွက်ခြင်းနှင့် ‌ဈေးဆိုင်များလိုက်နာရန် အသိပညာ ပေးလက်ကမ်းစာစောင်များ‌ကိုလည်း‌ ဖြန့်‌ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_apr2020

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events