Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ဇီးကိုင်းကျေးရွာအုပ်စု၊ ဇီးကိုင်းကျေးရွာနှင့် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတို့တွင် (၂၆-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၉,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၉,၉၀ဝ/-)အား (၂၈-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင်(၂၄-၄-၂၀၂၀) ရက်နေ့ (၁၅: ၄၅) နာရီအချိန်၌ ဒေါ်ခင်ရွှေပိုင်ဆိုင်သည့် ဆေးပေါ့လိပ်ဆေးစပ်ဂိုဒေါင်သွပ်မိုးထရံကာမှ မီးစတင် လောင်ကျွမ်းခဲ့ရာ ဆေးစပ်ဂိုဒေါင် (၃) လုံးနှင့် ဘေးရှိလူနေအိမ် (၁) လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ၊ အိမ်ခြေ(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တို့အား … Read more
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက်တော်ရှည်ရပ်ကွက်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနှင့် သံကိုင်းကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ဆောင်ရန်ရှောင်ရန်များ အသိပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၇.၄.၂၀၂၀)နေ့တွင် ကသာမြို့နယ်၊ ပိလ္လဟာကျေးရွာ၊ စက်ဆုတ်ကျေးရွာ၊ ဘွက်ကျေးရွာ၊ ကူးကားကျေးရွာ၊ ကျားသေကျေးရွာတို့တွင် ပြည်သူများသို့ Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်များကို (၁၀း၀၀)နာရီအချိန်မှစ၍ အသိပေးကြေညာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကသာခရိုင်စီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားေရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီမှ(၁၂း၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စု၊ ဘီတွတ်ကျေးရွာ၊ ဘုရားလေးကျေးရွာ၊ ထုံးဘူးကျကျေးရွာနှင့် စစ်ကွဲကျေးရွာများ သို့သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်စီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ချိုင်း(မ/တ)ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာ၊ မုန်ကုန်းကျေးရွာ၊ ရသေ့တောင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများ၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၇၃)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးစုစုပေါင်းထောက်ပံ့ငွေ (၅,၄၁၅,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၇၃)စုမှ လူဦးရေ (၃၁၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၆၉,၉၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး … Read more
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခုလတ်တလောဖြစ်ပေါ် နေသော ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ (၂၈-၄-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးခရိုင်၊ ဝမ်ဟတ်တိုက်နယ်၊ နားလင်းကျေးရွာတွင် ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးပန်ကြားခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၄.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဆားမလောက် ကျေးရွာတို့၌ Covid-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (၂၈-၄-၂၀၂၀)ရက်နေ့ နံ့နက် (၁၀◌း၀၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ပန်မုန့်အုပ်စု၊ ကျောက်တန်းကျေးရွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) ဆောင်ရန်ရှောင်ရန် အသိပညာပေးခြင်းကို ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လွိုင်လင်ခရိုင်စီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ ညနေ (၁၄:၀၀) နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျးရွာ၊ ကြို့ကုန်းကျးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ကုန်းသာကျေးရွာများ အတွင်းရှိ ပြည်သူများထံသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









