ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင်(၂၄-၄-၂၀၂၀) ရက်နေ့ (၁၅: ၄၅) နာရီအချိန်၌ ဒေါ်ခင်ရွှေပိုင်ဆိုင်သည့် ဆေးပေါ့လိပ်ဆေးစပ်ဂိုဒေါင်သွပ်မိုးထရံကာမှ မီးစတင် လောင်ကျွမ်းခဲ့ရာ ဆေးစပ်ဂိုဒေါင် (၃) လုံးနှင့် ဘေးရှိလူနေအိမ် (၁) လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ၊ အိမ်ခြေ(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၈-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။
#ha_fir
#ygn_apr2020
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)