လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ချိုင်း(မ/တ)ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာ၊ မုန်ကုန်းကျေးရွာ၊ ရသေ့တောင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများ၌ (၂၆-၄-၂၀၂၀) ရက်‌နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၇၃)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးစုစုပေါင်းထောက်ပံ့ငွေ (၅,၄၁၅,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၇၃)စုမှ လူဦးရေ (၃၁၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၆၉,၉၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၆)အိမ်ထောင်စုစာတို့ကို (၂၇-၄-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mdy_apr2020

Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events