လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ဇီးကိုင်းကျေးရွာအုပ်စု၊ ဇီးကိုင်းကျေးရွာနှင့် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတို့တွင် (၂၆-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၉,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၉,၉၀ဝ/-)အား (၂၈-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)