Category Archives: News
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄. ၅.၂၀၂၀)ရက်နေ့ မနက်(၁၃:ဝ၀)အချိန်မှ နေ့လည် (၁၇:၃၀)အချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ လှာကမြင်ကျေးရွာ၊ မဲဘောင်ကျေးရွာ၊ ရသဝေါ်ကျေးရွာ၊ စျေးမသွယ်ကျေးရွာနှင့် တဝန်သံကျေးရွားများသို့သွားရောက်၍ COVID -(19) ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့၊ (၀၆:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၅၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၉,၂၀ဝိ/-) ကျပ်၊စုစုပေါင်းကျပ်(၁,၂၀၉,၂၀ဝိ/-)ကျပ်အား(၅-၅-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖျန်းကျေးရွာ၌ (၄-၅-၂၀၂၀) ရက်နေ့၊ (၀၆:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် နေအိမ်(၆)လုံးမှ လူဦးရေ (၃၅)ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းမှ ဘုန်းတော်ကြီး (၅) ပါးတို့ဘေးသင့်ခဲ့ရာ အဆိုပါသူများအတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးစုစုပေါင်းထောက်ပံ့ငွေ (၇၀၀,၀၀၀ /-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄,၀၀၀ /-) ကျပ်တို့ကို (၅-၅-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် ကလောမြို့နယ်၊ ဆူးပန်းအင်းကျေးရွာ၊ ကမ်းပါးနီကျေးရွာဘော်နင်းကျေးရွာအုပ်စု၊ ကျောက် တံခါးကျေးရွာ၊ ဥမင်ပေါက်၊ သရက်ပုကျေးရွာများသို့ လှည့်လည်၍ အသက်ရှုလမ်းကြောင်းဆိုင် ရာကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအားအသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောကာ COVID-19 ကူးစက်မြန် အဆုတ် ရောင်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါ သည်။ #ar #shn_may2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ (၅ – ၅ -၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက် ယာဥ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ပန်ဝိုင်း(အထက်)ကျေးရွာ၊ ပန်ဝိုင်း(အောက်)ကျေးရွာနှင့် ဝမ်ကမ်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် COVID-19 ရောဂါ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅- ၂၀၂၀)ရက်နေ့တွင် ဟိုပန်မြို့နယ်၊ စင်ကျိုင်းကျေးရွာအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း စကား (၁၀) ချက်အား ကြေငြာခြင်း၊ Covid-19နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လေပြင်းဘေး၊ မုန်တိုင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ် အတွင်းရှိ ဆေးဖြတ်ကုန်းကျေးရွာနှင့် ကင်းရှေ့ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်ကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့ တွင် တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာ၊ ဝိန်းဝကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည်ဆောသြခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာ ၌ ၃-၅-၂၀၂၀ရက်နေ့ (၁၇း၃ဝ) ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ စုစုပေါင်း (၉) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၃၀၀၀၀၀)ခန့်နှင့် ၄-၅-၂၀၂၀ ရက်နေ့၊ (၀၈း၃၀) အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ဝမ်ကိစ်ကျေးရွာတွင် စုစုပေါင်းလူနေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆)စု၊ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၄:၃၀)အချိန်ထိ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်၊ သုံးခွကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ဝါးဒတ်ကွင်းကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာ များတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









