လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖျန်းကျေးရွာ၌ (၄-၅-၂၀၂၀) ရက်‌နေ့၊ (၀၆:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် နေအိမ်(၆)လုံးမှ လူဦးရေ (၃၅)ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းမှ ဘုန်းတော်ကြီး (၅) ပါးတို့ဘေးသင့်ခဲ့ရာ အဆိုပါသူများအတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးစုစုပေါင်းထောက်ပံ့ငွေ (၇၀၀,၀၀၀ /-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄,၀၀၀ /-) ကျပ်တို့ကို (၅-၅-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_apr2020

Source:           မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events