လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာ ၌ ၃-၅-၂၀၂၀ရက်နေ့ (၁၇း၃ဝ) ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ စုစုပေါင်း (၉) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၃၀၀၀၀၀)ခန့်နှင့် ၄-၅-၂၀၂၀ ရက်နေ့၊ (၀၈း၃၀) အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ဝမ်ကိစ်ကျေးရွာတွင် စုစုပေါင်းလူနေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေစုစုပေါင်း (၄၁)ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၆၀၀၀၀၀)ခန့်ဖြစ်ပြီး အဆိုပါလေဘေးသင့်စုစုပေါင်းအိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၁) ပတ်စာ (၁၀၅၀၀၀ိ/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုးတို့အား (၅-၅-၂၀၂၀)ရက်နေ့ (၁၃း၀၀) နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်

 

#ha_sgw

#shn_may2020

Source:           ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events