ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့၊ (၀၆:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၅၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၉,၂၀ဝိ/-) ကျပ်၊စုစုပေါင်းကျပ်(၁,၂၀၉,၂၀ဝိ/-)ကျပ်အား(၅-၅-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy_may2020

Sign Up

Upcoming Events