Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၁/ ၂၀၂၀) တွင် COVID -19 တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေးမှုသတင်း
မေ ၇ ရက်၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် COVID -19 တုံ့ပြန် ဆောင်ရွက်မှုများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန် များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် COVID -19 ကာလနှင့် ကိုက်ညီသော Video Conferencing စနစ်ဖြင့် … Read more
-
Covid-19 အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဦးအောင်ဇေယျရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်ရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား ဆော်ဩမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစ
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာနှင့် ပထက်ကျေးရွာတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မြိတ်မြို့နယ်၊ သာရမဲကျေးရွာနှင့် ရွှေဒူးကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်/ကျေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဘိုက်သရက်ကျေးရွာ၊ မတောင့်တ(တောင်)ရွာ၊ မတောင့်တ(မြောက်)ရွာ၊ ရွှေသမင်ကျေးရွာ၊ မြင်းခြံပွားကျေးရွာ၊ သမ္မတောကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဆင်ဖြူခြည်ကျေးရွာ၊ မြင်သာကုန်းကျေးရွာနှင့် ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့၌ ယင်းမာပင်မြို့နယ်လူမှုကူညီရေးကွန်ယက်နှင့်အတူ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ နတ်ပီတိကျေးရွာအုပ်စု၊ စပ္ပါယ်ကရိုးကျေးရွာတွင် (၆.၅.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၃)လုံး၊ ၎င်းအိမ်ထောင်စု (၃)စုရှိ မိသားစုဝင်(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၉၀၀၀၀ိ/-)၊ ဆန်ရိက္ခာထောက်ပံ့ငွေ (၁၈၉၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၈၉၀၀ိ/-)တို့ကို (၇.၅.၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဆော်ဩခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)ရက်နေ့တွင် သင်တောကျေးရွာအုပ်စု၊ သင်တောကျေးရွာ၊ အလယ်ခုန်ကျေးရွာ၊ ဇော်ချောင်းကျေးရွာများသို့ သွားရောက်ပြီး COVID_19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မိဘပြည်သူများသိရှိ လိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးနှိုးဆော်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ ဝမ်လွဲ့ကျေးရွာအုပ်စု၊ ဝမ်လွဲ့ကျေးရွာ၊ လွယ်ဝိုင်း ကျေးရွာအုပ်စု၊ လွယ်ဝိုင်းကျေးရွာ၊ နမ့်အလင်းကျေးရွာ၊ ဝမ်ဗလေကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေ ကောကျေးရွာအုပ်စု၊ ဖာဝယ်ကျေးရွာ၊ စောပလိခိုကျေးရွာ၊ ထီးဝေါခေါကျေးရွာနှင့် ဖော်လော်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၆-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အောက်တဲကျေးရွာအုပ်စု၊ ဝက်သအင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁) လုံး၊ လူဦးရေ(၄)ဦး၊ ပင့်သာကြီးကျေးရွာအုပ်စု၊ အုတ်ခင်းကျေးရွာမှ အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ ဖလန်ချိုင်ကျေးရွာအုပ်စု၊ သရက်ကောင်းကျေးရွာမှ အမိုးလန်နေအိမ်(၁)လုံး၊ လူဦးရေ(၆)ဦး၊ စုစုပေါင်းအမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ိ/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၃၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၆၀ဝိ/-) တို့ကို (၇-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် လေဘေးသင့်မိဘပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နား ကလိုးခူကျးရွာ၊ ကုန်းပေါင်းကျေးရွာနှင့် ဒေါတဟေးကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးသူးကူးကျေးရွာနှင့် နွားလဝိုးရွာမ ကျေးရွာ၊ လွိုင်လင်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more









