လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ ဝမ်လွဲ့ကျေးရွာအုပ်စု၊ ဝမ်လွဲ့ကျေးရွာ၊ လွယ်ဝိုင်း ကျေးရွာအုပ်စု၊ လွယ်ဝိုင်းကျေးရွာ၊ နမ့်အလင်းကျေးရွာ၊ ဝမ်ဗလေကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_may2020
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)