Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြလေးချောင်ကျေးရွာ၊ ထန်းပင်ချောင်လေးကျေးရွာနှင့် ညောင်ကုန်းကြီးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2020
-
ကန်ကြီးထောင့်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (ဝ၈:ဝ၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စုရှိ မြဝတီရပ်ကွက်၊ ကမ္ဘောဇရပ်ကွက်၊ ရှုတိုင်းယဉ်ရပ်ကွက်၊ ကိုးဆူရပ်ကွက်၊ စျေးရပ်ကွက်၊ ကိုးနဝင်းရပ်ကွက်၊ မြို့ကွက်ရပ်ကွက်၊ စက်ကုန်းရပ်ကွက်၊ အေးမြချမ်းသာရပ်ကွက်၊ ပိုက်သောင်ကျေးရွာ၊ ကျိန်ချောင်းကျေးရွာ၊ ဖျာတန်းကျေးရွာ၊ ရိုးကြီးကျေးရွာနှင့် လေပွေချောင်ကျေးရွာတို့၌လည်းကောင်း၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၌လည်းကောင်း၊ ကညွှတ်ကုန်းကျေးရွာအုပ်စု၊ ကညွှတ်ကုန်းကျေးရွာနှင့် မြောင်ကြီးကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ ၊ (၁၂:၀၀) အချိန်မှ (၁၄:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်ရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ညောင်တုန်းမြို့အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပီတိလူမှုကူညီရေးအသင်းတို့နှင့်အတူ ညောင်တုန်းမြို့ပေါ်တွင် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ ဆားမလောက်ကျေးရွာအုပ်စု၌ လက်ကိုင်ဟွန်းဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ လေးရွာကျေးရွာအုပ်စု၊ အောင်ဇေယျာဦးကျေးရွာ၊ အောင်ဇေယျအေးကျေးရွာ၊ သာစည်ကျေးရွာ၊ ကွမ်းခြံကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_may2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မံသဲကျေးရွာ၊ မံမော်ကျေးရွာနှင့် ပန်ကောင်းမုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၄၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၄၆,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၈၆,၂၀၀/-)ကျပ်တို့ကို (၈-၅-၂၀၂၀) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူသို့အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ်ကျေးရွာနှင့် မိုးဘောကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင်တိုက်ခတ်ခဲ့သောလေပြင်းကြောင့် မင်းကင်းမြို့နယ်၊ တင်ဘက်ကျေးရွာနှင့် စစ်လျှင်ချောင်းကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၁,၀၀၀/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းစကျေးရွာအုပ်စု၊ မွှန်းစကျေးရွာ၊ ငါးဇင်ရိုင်းကျေးရွာများသို့သွားရောက်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်အများအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လက်ဆေးဘေစင်၊ အပူချိန်တိုင်းကိရိယာနှင့် mask များ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့ (၁၁၃၀)အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDPs စခန်းရှိပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်းရှိအိမ်ထောင်စု(၂၀)စုမှ လူဦးရေ(၁၀၄)ဦးအတွက် လက်ဆေးဘေစင်(၁)စုံ၊အပူချိန်တိုင်းကိရိယာ(၁)ခု၊Hand Speaker(၁)ခု၊ Momery Stick(၁)ခု၊အဝတ် Mask(၂၀၈)ခုနှင့်အသိပညာပေးဗွီနိုင်း(၁)ခုတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









