လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (ဝ၈:ဝ၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စုရှိ မြဝတီရပ်ကွက်၊ ကမ္ဘောဇရပ်ကွက်၊ ရှုတိုင်းယဉ်ရပ်ကွက်၊ ကိုးဆူရပ်ကွက်၊ စျေးရပ်ကွက်၊ ကိုးနဝင်းရပ်ကွက်၊ မြို့ကွက်ရပ်ကွက်၊ စက်ကုန်းရပ်ကွက်၊ အေးမြချမ်းသာရပ်ကွက်၊ ပိုက်သောင်ကျေးရွာ၊ ကျိန်ချောင်းကျေးရွာ၊ ဖျာတန်းကျေးရွာ၊ ရိုးကြီးကျေးရွာနှင့် လေပွေချောင်ကျေးရွာတို့၌လည်းကောင်း၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၌လည်းကောင်း၊ ကညွှတ်ကုန်းကျေးရွာအုပ်စု၊ ကညွှတ်ကုန်းကျေးရွာနှင့် မြောင်ကြီးကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်
ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)