လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မံသဲကျေးရွာ၊ မံမော်ကျေးရွာနှင့် ပန်ကောင်းမုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၄၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၄၆,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၈၆,၂၀၀/-)ကျပ်တို့ကို (၈-၅-၂၀၂၀) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#kcn_may2020

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events