လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့တွင်တိုက်ခတ်ခဲ့သောလေပြင်းကြောင့် မင်းကင်းမြို့နယ်၊ တင်ဘက်ကျေးရွာနှင့် စစ်လျှင်ချောင်းကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၁,၀၀၀/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)