Category Archives: News
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုမိုစောကျေးရွာအုပ်စု၊ ခေါသ မောကျေးရွာ၊ ခီးလိုပရားကျေးရွာနှင့် ပလေးလာကျေးရွာ ရော်ဒေါ် ခေါကျေးရွာအုပ်စု၊ ရော်ဒေါ်ခေါကျေးရွာ၊ ဘေဘူ ခေါကျေးရွာ၊ ကာပရုကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အသိပညာပေးလှည့်လည်ဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် မအူပင် မြို့နယ်၊ ဘီးလင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၃)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့တွင် မဘိမ်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ကုန်းခါးရပ်ကွက်နှင့် နမ့်ပုံးပုံးရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၌ (၂၉-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဓါတ်ငွေ့ပိုက်လိုင်းမှဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒါဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀,၀၀ဝ/-) ကျပ်ကို (၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထိခိုက် ဒါဏ်ရာရပြည်သူအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
IDPsစခန်းများ၌ (Covid-19) ရောဂါကာကွယ်ရန်အတွက် အပူချိန်တိုင်းစက်များ၊ လက်ဆေးဆပ်ပြာများနှင့် ထုံးအိတ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅- ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၃၀)၊လူဦးရေ(၁၃၈) ဦး၊ ကာလိုင် (၁) ရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၄၉၆) ဦး၊ ကာလိုင်(၂)ရှိ အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၁,၁၀၅) ဦး၊ (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး ရှိ အိမ်ထောင်စု(၅၆) စု၊ လူဦးရေ(၂၆၅)ဦး၊ (၆)ရပ်ကွက် မူကြိုကျောင်းရှိ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၈၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၈၃)စု၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၉-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)အုပ်စုရှိ၊ ကျေးရွာ(၂၁)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်တို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ ၊ ညနေ (၁၆:၀၀) နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ ပြာကတက်အုပ်စု (ပြာကတက် အရှေ့စု /အနောက်စု / ပြာကတက်တောင် / စံပယ်ကွင်း၊ မိုးကုတ်/ ခနွယ်/ သောင်ငူ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ဓမ္မစင်္ကြာကျေးရွာ၊ လောကထု(ကွက်သစ်)နှင့် လောကထုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၂)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၅၉၅,၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၇၃,၂၀၀/-) ကျပ်အား (၉-၅-၂၀၂၀) ရက်နေ့(၁၃:၃၀)နာရီအချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ တွင် မင်းကင်းမြို့နယ်၊ နနွင်းချောင်းကျေးရွာ၊ ပုထိုးလုံးကျေးရွာ၊ မင်းစားကျေးရွာနှင့် ဒိုင်ကြီး ကျေးရွာတို့တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #agg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ(၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် ၊သထုံခရိုင်၊ သထုံမြို့နယ် ဆိပ်ကျွန်းကျေးရွာနှင့် မရမ်းကုန်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









