Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရုဏာလူမှုကူညီရေး အသင်းနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) မိုင်းယု(ကုန်စုံ) အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၄၂၄)ဦး ၊ မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး ၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် အိမ်ထောင်စု (၅၇)စု၊ လူဦးရေ(၂၆၃)ဦး ၊ နမ့်ဖက်ကာ နယ်မြေ (၄) အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၂၂) ဦး ၊စုစုပေါင်း အိမ်ထောင်စု … Read more
-
ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေး မြို့နယ် ရုပ်ဆိုင်ကျေးရွာအုပ်စု ရုပ်ဆိုင်ကျေးရွာတွင် (၁၀:၀၀) နာရီအချိန်၌လည်းကောင်း၊ ဘုရားကြီး ကျောင်းကျေးရွာတွင် (၁၂:၀၀) နာရီအချိန်၌လည်းကောင်း၊ ပေါ်တော်မူကျေးရွာတွင် (၁၄:၀၀) နာရီအချိန် ၌လည်းကောင်း၊ Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွား၍ ထောက်ပံ့ကူညီနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ
မေလ (၁၀)ရက်၊ နေပြည်တော် ယခုအချိန်ကာလသည် မြန်မာနိုင်ငံတစ်ဝန်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်တတ်သည့် ရာသီကာလတစ်ခုဖြစ်ပြီး ယခုနှစ်တွင်လည်း ဧပြီလဆန်းခန့် မှစ၍ လေပြင်းတိုက်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိပါသည်။ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ်၌ အိမ်ခြေ(၁၀၀)ကျော်ခန့်၊ ပျော်ဘွယ်မြို့နယ်၌ အိမ်ခြေ(၅၀)ကျော်ခန့် အမိုးအကာလန်ပျက်စီးခဲ့ပြီး၊ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓါတ်တိုင်များ လဲပြိုခြင်းတို့ရှိခဲ့ ကြောင်း၊ အလားတူ ရှမ်းပြည်နယ်အတွင်း နမ့်စန် ၊ လင်းခေး၊ ဆီဆိုင်၊ မိုင်းဆတ် မြို့နယ်တို့၌ စုစုပေါင်း အိမ်ခြေ(၁၀၀)ကျော်ခန့် ပျက်စီးခဲ့ကြောင်း … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူ မြို့နယ်၊ မိဿလင်ကုန်းကျေးရွာအုပ်စုရှိ မိဿလင်ကုန်းကျေးရွာ၊ ယောကုန်းကျေးရွာ၊ ရှားချောင်း ကျေးရွာနှင့် ဇီးကနားကျေးရွာအုပ်စုရှိ ဇီးကနားကျေးရွာ၊ ချပ်ကုန်းကျေးရွာ၊ နှောကုန်းကျေးရွာ၊ လျှော်ဖြူ ကုန်းကျေးရွာများမှ အများပြည်သူများ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးဘေး၊ လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကန်ကြီးထောင့်မြို့နယ်၊ ကျေးရွာအုပ်စုများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အစုကြီးကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ပဒဲကောကျေးရွာနှင့် ဒရယ်ချောင်းကျေးရွာတို့၌လည်းကောင်း ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ လည်းကောင်း၊ ပေပင်လေးကျေးရွာအုပ်စု ပေပင်လေးကျေးရွာ၌လည်းကောင်း၊ ပေပင်ကြီးကျေးရွာအုပ်စု ပေပင်ကြီးကျေးရွာ၌လည်းကောင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၁၀-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာ (၁၅) ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDPစခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
မေလ ၁၀ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ များအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒူကထောင် နယ်မြေ (၄)၊ (၅)၊ (၁၄)၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDP စခန်းနှင့် မိုးညှင်းမြို့ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး (စကု) မြို့နယ်၊ သနပ်ပင်စုကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ငွေတောင်ကျေးရွာ၊ မန်းကောက်ကျေးရွာ၊ ကုလားပါးကျေးရွာနှင့် ကံသာကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ လမုကြီးကျေးရွာအုပ်စု၊ လမုကြီးကျေးရွာ၊ လမုဝရွာ၊ ညီနောင်ရွာ၊ လမုတမံရွာ၊ ကနစိုကွင်းရွာတို့တွင် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









