လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၁၀-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာ (၁၅) ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် တို့အား အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_may2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)