ကန်ကြီးထောင့်မြို့နယ်၊ ကျေးရွာအုပ်စုများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အစုကြီးကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ပဒဲကောကျေးရွာနှင့် ဒရယ်ချောင်းကျေးရွာတို့၌လည်းကောင်း ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ လည်းကောင်း၊ ပေပင်လေးကျေးရွာအုပ်စု ပေပင်လေးကျေးရွာ၌လည်းကောင်း၊ ပေပင်ကြီးကျေးရွာအုပ်စု ပေပင်ကြီးကျေးရွာ၌လည်းကောင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events