Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဟင်္ဂရော် ကျေးရွာအုပ်စု၊ ဟင်္ဂရော်ကျေးရွာတွင် (၁၈-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၈,၄၀ဝ/-)ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw # mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဘိုးချောင်းကျေးရွာနှင့် ကျောက်ဖျာကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသီးကြွေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျမှုကြောင့် မိုးမိတ်မြို့မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ၌ နေအိမ် (၉) လုံး၊ ကုန်းမကံကျေးရွာတွင် နေအိမ် (၁၄) လုံးနှင့် မန်ကောင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာတွင် နေအိမ် (၇) လုံး စုစုပေါင်းနေအိမ် (၃၀) လုံးအတွက် ခေါင်မိုးသွပ်များ ပေါက်ပြဲပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၃၄,၀၀ဝ/-) ကျပ်တို့အား (၁၈-၅-၂၀၂၀) ရက်နေ့တွင် ကျေးရွာအုပ်စုစာရေး များထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကံစုအရှေ့ကျေးရွာအုပ်စု၊ ကံစုအရှေ့ကျေးရွာတွင် (၀၈:၀၀)နာရီ၌လည်းကောင်း၊ ကျောင်းစုကျေးရွာတွင်(၀၈:၄၅)နာရီ၌လည်းကောင်း၊ မရမ်းကျေးရွာတွင် (၀၉:၂၀)နာရီ၌လည်းကောင်း၊ ဘိုးကုန်းကျေးရွာတွင်(၁၀:၀၀)နာရီ၌လည်းကောင်း၊ ပေါ်တော်မူကျေးရွာတွင် (၁၀:၃၀)နာရီတို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး နှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မဘိမ်းမြို့နယ်၊ ကုန်းခါးရပ်ကွက်တွင် နေအိမ် (၄) လုံး၊ နမ့်ပုံးပုံးရပ်ကွက် တွင် နေအိမ် (၁၈) လုံး၊ ကုန်းမခံကျေးရွာတွင် နေအိမ် (၄) လုံးနှင့် (၁၆-၅-၂၀၂၀) ရက်နေ့တွင် ဘဟဲ ကျေးရွာတွင် နေအိမ် (၂) လုံး စုစုပေါင်း နေအိမ် (၂၈) လုံး အမိုးလန်ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၆၇,၀၀ဝ/-) ကျပ်တို့အား … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့၌ သာစည်မြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်အိမ်ခြေ၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၉၁၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀၀/-)ကျပ်တို့ကို (၁၉-၅-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်သို့ ကွင်းဆင်း ထောက််ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ sgw #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျေးရွာအုပ်စု(၆)နှင့် ကျေးရွာ(၇)ရွာတို့တွင် (၁၈-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့်ပြိုကျအိမ်ခြေ(၂)လုံးနှင့် အမိုးလန်အိမ်ခြေ(၃၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၃၄၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၃၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၁,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၃၁,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၁၉-၅-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဘော်လခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန့်နောက်ကျေးရွာသို့ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘော်လခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဘော်လခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန့်နောက်ကျေးရွာသို့ သောက်သုံးရေဂါလံ (၈၀၀) အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဘော်လခဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်နေသည့် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာ အုပ်စု၊ ဆူးရစ်တန်းကျေးရွာသို့ သောက်သုံးရေကား (၂) စီး သောက်သုံးရေဂါလံ (၃၄၀၀) ကို ( ၁၉- ၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_may2020
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၂၀) ရက်နေ့တွင် မိုးသီးကြွေကျမှုကြောင့် ဘေးသင့်ခံစားခဲ့ရသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်ကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ရင်ဖန်ထိုကျေးရွာရှိ အိမ်ခြေ(၁၂)လုံး ၊ အိမ်ထောင်စု(၁၂)စုတို့မှ လူဦးရေ (၆၆) ဦးတို့အတွက် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ ရန်ပုံငွေ (၄၅၀,၀၀ဝိ/-) ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_hstr #shn_may2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









