လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျမှုကြောင့် မိုးမိတ်မြို့မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ၌ နေအိမ် (၉) လုံး၊ ကုန်းမကံကျေးရွာတွင် နေအိမ် (၁၄) လုံးနှင့် မန်ကောင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာတွင် နေအိမ် (၇) လုံး စုစုပေါင်းနေအိမ် (၃၀) လုံးအတွက် ခေါင်မိုးသွပ်များ ပေါက်ပြဲပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၃၄,၀၀ဝ/-) ကျပ်တို့အား (၁၈-၅-၂၀၂၀) ရက်နေ့တွင် ကျေးရွာအုပ်စုစာရေး များထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_hstr
#shn_may2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)