လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မဘိမ်းမြို့နယ်၊ ကုန်းခါးရပ်ကွက်တွင် နေအိမ် (၄) လုံး၊ နမ့်ပုံးပုံးရပ်ကွက် တွင် နေအိမ် (၁၈) လုံး၊ ကုန်းမခံကျေးရွာတွင် နေအိမ် (၄) လုံးနှင့် (၁၆-၅-၂၀၂၀) ရက်နေ့တွင် ဘဟဲ ကျေးရွာတွင် နေအိမ် (၂) လုံး စုစုပေါင်း နေအိမ် (၂၈) လုံး အမိုးလန်ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၆၇,၀၀ဝ/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူ များလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#shn_may2020

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events