Category Archives: News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှစတင်ပြီး မကွေးမြို့နယ်၊ မြင်စိုင်း ကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ၊ ကိုးပင်ကွေ့ကျေးရွာ၊ ထန်းပင်စမ်းကျေးရွာနှင့် တောင်ယာတောကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃-၅-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့၊ အ.ထ.က(၁)ကျောင်း Quarantine Center ၌ရှိသည့် ပြည်ပမှပြန်လည်ရောက်ရှိသူ (၂၁)ဦးတို့အတွက် စိတ်ဖိစီးမှု့လျော့နည်းနိုင်ရန်၊ စိတ်အပန်းပြေနိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အချက်များ အသိပညာပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၃-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင် အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ကျောက်ထုရပ်ကွက်၊ ဂုံဘိုရပ်ကွက်၊ နတ်ရဲရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူသို့ အသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ် ကွင်းဘုန်းကြီးကျေးရွာအုပ်စု ကွင်းဘုန်းကြီး ကျေးရွာတွင် (၁၀:၀၀) နာရီ၌လည်းကောင်း ဗန္ဓုလကျေးရွာတွင် (၁၂:၀၀)နာရီ၌လည်းကောင်း ကြာအင်းအကော် ကျေးရွာတွင် (၁၄:၀၀) နာရီ၌လည်းကောင်း Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ အသဲချဲ့စက်များဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ဆကျးရွာရှိ၊ နှစ်ခြင်းIDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စု၊ လူဉီးရေ(၁၅၈၆)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၂)ခု၊ Hand speaker (၁)ခု၊ Memory Stick (၁) ခု၊ လက်ဆေးစင် (၆)ခု၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၁၅၈၆)ခဲ၊ လက်သန့်ဆေးရည်(၇၃၀)ဘူး၊ ဗွီနိုင်း(၁)ခုနှင့် အ၀တ်နှာခေါင်းစည်း(၃၁၇၂)ခုတို့ကိုလည်းကောင်း၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ ကက်သလစ် IDP စခန်းရှိ အိမ်ထောင်စု(၁၅၄)စု၊ လူဉီးရေ(၇၁၇)ဉီးတို့အတွက် … Read more
-
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ (၂၁)ရက်နေ့မှ (၂၃) ရက်နေ့ထိ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာ သူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၂၂-၅-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ထွယ်ဆန်နှင့် ဖန်ခါးကုန်း IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ၊ သစ်တိုထောက်ကျေးရွာ၊ ကျောက်ဝတ်ကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်ကို Hand Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီ အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့ နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ၊ နတ်မာကျေးရွာနှင့် ဆရာစံရပ်ကွက်များရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၅:၄၅) နာရီအချိန်အထိ ပွတ်ခရိုင်ကျေးရွာ၊ ကံစုကျေးရွာ၊ မြစ်ကျိုးလေးကျေးရွာ၊ ကံကွင်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ငါးရာဘိုကျေးရွာ၊ ကျုတောကျေးရွာ၊ ဘုရားငုတ္တိုကျေးရွာ၊ ပန်းဖြူကွင်းကျေးရွာ၊ ဖုန်းဆိုးချောင်းကျေးရွာ၊ ဘိုပြားကျေးရွာ၊ ချောင်းကွဲကြီးကျေးရွာ၊ မိချောင်းတစ်ရာကျေးရွာ၊ ပန်းဖြူသစ်ကျေးရွာ၊ လူတော်ကြီးကျေးရွာ၊ လူတော်လေးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ မြောက်စုကျေးရွာ၊ ကျောင်းသစ်ကျေးရွာ၊ ဒဂုံမေကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပကိတ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ … Read more









