ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ (၂၁)ရက်နေ့မှ (၂၃) ရက်နေ့ထိ

၁။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာ သူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       (၂၂-၅-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ထွယ်ဆန်နှင့် ဖန်ခါးကုန်း IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၂၆၈)ဗူး၊ ဆပ်ပြာ (၇၁၈)ခဲ၊ ထုံးအိတ်(၂၀)အိတ်၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ အဝတ် Mask (၁၄၃၆)ခု၊ Hand Speaker (၂)ခုနှင့် COVID-19 အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ပေးခဲ့ပြီး (၂၃-၅-၂၀၂၀)ရက်နေ့တွင် မံစီမြို့နယ်ရှိ နှစ်ခြင်းနှင့် ကက်သလစ် IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၁၀၃၈)ဗူး၊ ထုံးအိတ်(၂၀)အိတ်၊ ဆပ်ပြာ(၂၃၀၃)ခဲ၊ လက်ဆေးစင်(၉)ခု၊ အဝတ် Mask (၄၆၀၆)ခု၊ အပူချိန်တိုင်း ကိရိယာ(၄)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်၊ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။

၃။      (၂၂-၅-၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃)ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင်(၂) IDP စခန်း စုစုပေါင်း(၃)ခုသို့ သွားရောက်၍ အဝတ် Mask (၃၄၇၈)ခု၊ လက်သန့်ဆေးရည် (Hand gel) (၅၇၈)ဗူး၊ ဗီနိုင်း(၆)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

၄။      (၂၁-၅-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျီးခေါင်းတောင်ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ၊ ကုန်းဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ မြို့မကုသိနာရုံ ဘုန်းတော် ကြီးကျောင်း၊ ရက်ချောင်း၊ ကျေးရွာ၊ ပြားသုန်း၊ မြို့နယ်ခန်းမ၊ မဟာဝိဟာရဘုန်းတော်ကြီးကျောင်း၊ ဝိဇိတာရာမဘုန်းတော်ကြီး ကျောင်း၊ မြို့ဦးဆုတောင်း ပြည့်ဓမ္မာရုံ၊ ပြည်ခြားကျေးရွာ၊ အ.မ.ကကျောင်း၊ ငန်းတောင်ကျေးရွာ၊ ပေါက်တူးတောင်၊ စက်ခွေကျေးရွာ၊ သပြေတောကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် မြေပုံမြို့နယ်ရှိ ရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ နရမ်းရွာကြီး ဓမ္မာရုံ၊ နရမ်းအုပ်စု ဘုန်းတော် ကြီးကျောင်း၊ ပုညရာမဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်းဘုန်းတော်ကြီး ကျောင်း၊ ပုလဲ ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာကျောင်း၊ ဇေယျသုခကျောင်းတိုက်၊ ကေသလာချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊ အလက(ခွဲ)စာသင်ကျောင်း၊ ဇီးပင်ကြီးဘုန်းတော်ကြီးကျောင်း၊ ကျွဲကြိုကျေးရွာ၊ ငှက်ရဲ ကောက်ကျေးရွာ ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း (၃၉)ခုတို့တွင် ဆပ်ပြာ(၂၀၁၅)တောင့်၊ Surgical Mask ခု၊ ထုံး(၃၁၀)အိတ်နှင့် လက်ဆေးဘေစင် (၃၈)ခု ထောက်ပံ့ပေးခဲ့ပြီး    (၂၂-၅-၂၀၂၀)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ်ဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများ စုစုပေါင်း တိုက်ပွဲရှောင်စခန်း (၄) ခုတို့တွင် Surgical Mask (၄၀၃၀)ခု၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ လက်သန့်ဆေးရည် (၁၃၉)ဗူး၊ Hand Speaker (၄)ခု၊ အသိပညာပေးအသံဖိုင် ထည့်သွင်းထား သော Memory Stick (၄)ခု၊ ဗီနိုင်း(၄)ချပ်၊ လက်ဆေးဘေစင်(၅)ခု၊ ထုံးအိတ်(၁၈)အိတ်တို့အား ထောက်ပံ့ခဲ့ပါသည်။

၅။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_shn_rke_may2020

Source: MOSWRR

Sign Up

Upcoming Events