Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀)ရက်နေ့ ၊(၁၆း၀၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာ၌ လေပြင်း တိုက်မှုကြောင့် သစ်ပင်ဖိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊လူဦးရေ ၈ဦးအတွက်ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆,၈၀၀/-)ကျပ်အား (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_jun2020
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP) များ ပြန်လည်နေရာချထားမှုအကောင် အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Video Conference ဖြင့် တက်ရောက်ဆွေးနွေး
~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၁ ၊ နေပြည်တော် ~~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ((KBC ဥက္ကဌ၊ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်အဖွဲ့တို့နှင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို (၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက Video Conference ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ (၈-၅-၂၀၁၉)ရက်နေ့တွင် ဖွဲ့စည်းကာ … Read more
-
သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ၌ (၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀)ရက်နေ့တွင် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရှမ်းစု၊ ကျွန်းကလေးကျေးရွာ၊ ဂရံစံပြကျးရွာ၊ကျွဲ နစ်ကျေးရွာ၊ ကိုင်းတောကျေးရွာ၊ ကြို့ပင်စခန်းကျေးရွာ၊ ကညင်တန်းကျေးရွာတို့တွင် (COVID – 19)ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ (၁၁-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မောက်မယ်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO မှ ဒုတိယ-ဉက္ကဌဉီးခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဟန်သိန်းဉီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျောက်မနွဲ့ဘုန်းတော်ကြီးကျောင်း၌ မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာများ၌ (၁-၅-၂၀၂၀) ရက်နေ့နှင့် (၁၁-၅-၂၀၂၀) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၇)အိမ် အမိုးလန်(တစိတ်တပိုင်း)ပျက်စီးခဲ့သဖြင့် ဘေးသင့်ခဲ့သည့်လူဉီးရေ(၂၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ (၂၂၇၇၀၀ဝိ/-) (နှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်တိတိ/-) အား ဘေးသင့်ပြည်သူများ၏ … Read more
-
မိုးကြိုးဘေးနှင့် မြေပြိုဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁၂.၆.၂၀၂၀)ရက်နေ့ (၁၂း၃၀)အချိန်တွင် ကလေးဝမြို့စျေးအတွင်း၌ မိုးကြိုးဘေးလက်ကမ်းစာစောင်နှင့် မြေပြိုဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၈း၃၀) နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၊ ကလေးဝ အထွက် ကလေးဝ-ကျီကုန်း-ကလေးကားလမ်းတွင် မိုးရွားသွန်းမှုကြောင့် သဲကျောက်လွှာမြေပြိုမှုကြောင့် ဒဏ်ရာရထောက်ပံ့ ငွေ(၅၀,၀၀၀/-)ကျပ်နှင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀, ၀၀၀/-)ကျပ်အား ကလေးဝမြို့နယ်အထွေထွေအုပ်ချင်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_jun2020
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့ နေ့လည်(၁၄း၀၀) အချိန်မှ (၁၇း၀၀)အချိန်အထိ မာန်အောင်မြို့နယ်အတွင်းရှိ သစ်ပုံကျေးရွာ၊ စွန်ပန်းချောင်းကျေးရွာ၊ တောင်ရင်းကျေးရွာ၊ ကမားကျေးရွာနှင့် အိုးဝကျေးရွာတို့တွင် COVID-19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအုပ်စု၊ချပ်ကုန်းကျေးရွာ (၉-၆-၂၀၂၀)ရက်နေ့(၁၃:၄၅) အချိန် နှင့် ဇီးဖြူကုန်း ကျေးရွာအုပ်စု၊ မင်းကုန်း(က)ကျေးရွာ (၁၅:၀၀) နာရီအချိန်တို့တွင် ဖြစ်ပွားသော မိုးကြိုးဘေး ကြောင့် သေဆုံးသူ(၂) ဦး အတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၆၀၀,၀၀ဝ/-) ကျပ်ကို ကန့်ဘလူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျရပ်/ကျေးစာရေးတို့နှင့်အတူ မိုးကြိုးဘေးသင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများလက်ဝယ်ရောက် (၁၁-၆-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီ အချိန်တွင်ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်၊၊ … Read more









