Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ဇီးဖြူကုန်းရပ်ကွက် အတွင်း COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၂၀)ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၀၈:၀၀) နာရီအချိန်အထိ ကောလင်းမြို့နယ်၊ ပင်လည်ဘူးစည်ပင်သာဈေး၌ မိုးဦးကာလလေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ရှိ IDP စခန်းများ၌ COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ
ဇွန်လ ၂၀ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ၊ မော်သီညာ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂) IDP စခန်း စုစုပေါင်း(၄)ခုသို့ သွားရောက်၍ ဆပ်ပြာ(၂၀၅၄၁)တောင့်တို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 … Read more
-
မိုးကြိုးဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် (၀၉း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ ကသာခရိုင်၊ အင်းတော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် အင်းရွာကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ နားခါကျေးရွာ၊ နန်းကင်ကျေးရွာ၊ ပြင်ဦးလွင်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာတို့တွင် မိုးကြိုးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေး ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
မိုးကြိုးဘေး၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့ (၇:၃၀) နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ မင်းကုန်း(ခ)ကျေးရွာ၊ ထန်းတောကျေးရွာ၊ ခေါ်သန္တီ ကျေးရွာအုပ်စု၊ ခေါ်သန္တီကျေးရွာ၊ မိုးကြိုးကျေးရွာ၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ၊ ဇီးပင်သာကျေးရွာ၊ ဉာဏ်အင်းကျေးရွာနှင့် ရဲဒွေးကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး မိုးကြိုးဘေး၊ COVID-19ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့၌ မလှိုင်မြို့နယ်၊ ဘောက်ခွေးတောကျေးရွာအုပ်စု၊ ဘောက်ခွေးတော(တောင်)ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-) ကျပ်အား (၂၀-၆-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်သူဆွေမျိုးများသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fir #mdy_jun2020
-
မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် ညောင်ဝန်းကျေးရွာ၊ ညောင်သပြေကျေးရွာ၊ လောင်းကောင်းကျေးရွာ၊ ကြာအင်းကျေးရွာ စသည့် ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများအား လှည့်လည်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလေလပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ် ခြင်းတို့ဖြစ်ပွားနေသဖြင့် (၂၀-၆-၂၀၂၀) ရက်နေ့တွင် နံနက် (၇) နာရီအချိန်မှ (၈) နာရီအထိ ဝန်းသိုမြို့နယ်၊ စည်ပင်သာယာဈေးတွင် ပြည်သူများ လက်နာဆောင်ရွက်ရန် မိုးကြိုးဘေး၊ ရေဘေးနှင့်ပတ်သတ်သော ဆောင်ရန်/ရှောင်ရန်များ သိရှိနိင်ရန် လက်ကမ်းစာစောင်းများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)၊ ချီပါ(မြောက်)၊ ပလိုင်း၊ လုံးတော်၊ ရွာသာရွာ၊ မဲတောကျေးရွာတို့တွင် မိုးကြိုးဘေး၊ လေဘေးနှင့် covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေး ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
မိုးကြိုးဘေး၊ ရေဘေး၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ ကျေးနင်းကျေးရွာ၊ သလဘာကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာနှင့် ပြေကန်ကျေးရွာတို့တွင် (၂၀-၆-၂၀၂၀) ရက်နေ့၌ မိုးကြိုးဘေး၊ ရေဘေး၊ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









