လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့ (၇:၃၀) နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ မင်းကုန်း(ခ)ကျေးရွာ၊ ထန်းတောကျေးရွာ၊ ခေါ်သန္တီ ကျေးရွာအုပ်စု၊ ခေါ်သန္တီကျေးရွာ၊ မိုးကြိုးကျေးရွာ၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ၊ ဇီးပင်သာကျေးရွာ၊ ဉာဏ်အင်းကျေးရွာနှင့် ရဲဒွေးကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး မိုးကြိုးဘေး၊ COVID-19ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)