လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)၊ ချီပါ(မြောက်)၊ ပလိုင်း၊ လုံးတော်၊ ရွာသာရွာ၊ မဲတောကျေးရွာတို့တွင် မိုးကြိုးဘေး၊ လေဘေးနှင့် covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေး ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020