လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့တွင် (၀၉း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ ကသာခရိုင်၊ အင်းတော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် အင်းရွာကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ နားခါကျေးရွာ၊ နန်းကင်ကျေးရွာ၊ ပြင်ဦးလွင်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာတို့တွင် မိုးကြိုးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေး ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020