Category Archives: News
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင် ကျေးရွာအုပ်စု၊ တောင်ရွာနောင်ကျေးရွာ တွင် (၂၇.၆.၂၀၂၀) ရက်နေ့ (၁၈:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် (၁၈၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၃)အိမ်ထောင်စာတို့ကို (၂၈.၆.၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mdy_jun2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီး မှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊၊ တောင်သာ မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၇-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စာအား (၂၈-၆-၂၀၂၀)ရက်နေ့ (၁၀း၃ဝ)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_jun2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ ဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့ ၊ (၀၉:ဝဝ)နာရီအချိန်မှ(၁၁:၀၀)နာရီအချိန်အထိ အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲအား ပုသိမ်မြို့၊ အ.ထ.က(၉)၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အဆိုပါ ရေးဖြေစာမေးပွဲတွင် အငယ်တန်းစာရေးရာထူးဖြေဆိုမှုမှာ စာရင်းရှိ(၁၈၂)၊ဦး၊ ဖြေဆိုသူ(၁၁၅)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပြီး၊ ပစ္စည်းထိန်း-၅ ဖြေဆိုမှုမှာစာရင်းရှိ (၈၈)ဦး၊ ဖြေဆိုသူ(၅၃)ဦး၊ ပျက်ကွက်(၃၅)ဦး၊ စုစုပေါင်းစာရင်းရှိ(၂၇၀)ဦး၊ ဖြေဆိုသူ (၁၆၈)ဦး၊ ပျက်ကွက် (၁၀၂)ဦးတို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2020 Source: ဧရာဝတီဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ကျုံဒါတ်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊တော်ကနိကျေးရွာ၊ သံဒိတ်ကျေးရွာ၊ ပဒေသာကုန်းကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မိုးကြိုးဘေးအသိပညာပေးဆော်ဩခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှရုံးမှ တာဝန်ရှိသူများသည် ရှမ်းတဲမေတ္တာပရဟိတအဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၆-၂၀၂၀)ရက်နေ့ တွင် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ အရာတော်ကျေးရွာအုပ်စု၊ သမင်လျှိုကျေးရွာအုပ်စုရှိကျေးရွာ( ၂၂)ရွာသို့ Covid19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_jun2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၇ – ၆ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၂၀:၀၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာပေါင်း( ၂၈)ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ( မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့နယ်၊ ရုံးပင်ဇောက်ကျေးရွာတွင် (၂၅-၆-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၄၂၀ဝိ/-)၊ (၃၄၇၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် (၂၆-၆-၂၀၂၀)ရက်နေ့ နှောကန်ကျေးရွာတွင် ဖြစ်ပွားသော မိုးသက်လေပြင်းကြောင့် အမိုးလန်ပျက်စီးဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေကျပ်(၂၃၈၉၅၃ိ/-)အား ဘေးသင့်ပြည်သူများထံသို့ (၂၇-၆-၂၀၂၀)ရက်နေ့တွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir & sgw #mdy_jun2020 Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့ကျေးရွာနှင့် ဆေးဖြတ်ကုန်းကျေးရွာရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးပန်ကြားခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၆-၂၀၂၀) ရက်နေ့ (ဝ၇:၃၀)နာရီအချိန်မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်နဲ့ ကျေးရွာ(၁၂)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jun2020









