အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ ဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့ ၊ (၀၉:ဝဝ)နာရီအချိန်မှ(၁၁:၀၀)နာရီအချိန်အထိ အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲအား ပုသိမ်မြို့၊ အ.ထ.က(၉)၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အဆိုပါ ရေးဖြေစာမေးပွဲတွင် အငယ်တန်းစာရေးရာထူးဖြေဆိုမှုမှာ စာရင်းရှိ(၁၈၂)၊ဦး၊ ဖြေဆိုသူ(၁၁၅)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပြီး၊ ပစ္စည်းထိန်း-၅ ဖြေဆိုမှုမှာစာရင်းရှိ (၈၈)ဦး၊ ဖြေဆိုသူ(၅၃)ဦး၊ ပျက်ကွက်(၃၅)ဦး၊ စုစုပေါင်းစာရင်းရှိ(၂၇၀)ဦး၊ ဖြေဆိုသူ (၁၆၈)ဦး၊ ပျက်ကွက် (၁၀၂)ဦးတို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#otr
#ayy_jun2020

Source: ဧရာဝတီဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events