ကမ်းပြိုဘေး ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင် ကျေးရွာအုပ်စု၊ တောင်ရွာနောင်ကျေးရွာ တွင် (၂၇.၆.၂၀၂၀) ရက်နေ့ (၁၈:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် (၁၈၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၃)အိမ်ထောင်စာတို့ကို (၂၈.၆.၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mdy_jun2020

Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events