လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့ကျေးရွာနှင့် ဆေးဖြတ်ကုန်းကျေးရွာရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးပန်ကြားခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_jun2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)