Category Archives: News
-
Covid-19 ရောဂါ၊ ရေဘေး၊ မိုးကြိုးဘေးတို့နှင့် ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Mercy Corps အဖွဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် (၁၀-၇-၂၀၂၀) ရက်နေ့ မနက်(၁၂:၀၀)အချိန်မှနေ့လည် (၁၅:၀ဝ) အချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ လှိုင်းပုံကျေးရွာ၊ လှိုင်းဝါးကျေးရွာ၊ လက္ခဏကျေးရွာနှင့် လှာကဒေါင်ကျေးရွာများအတွင်းသို့ COVID -19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ၊ ရေဘေး၊ မိုးကြိုးဘေးနှင့်တို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2020
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မြေပြိုဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မြလေးချောင်ကျေးရွာနှင့် ထန်းပင်ချောင်လေးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jul2020
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၁၂)ခုမှ စုစုပေါင်း တိုက်ပွဲရှောင်အိမ်ထောင်စု(၂၁၉)စု၊ လူဦးရေ (၉၅၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၃၉) အိတ်၊ (၂၀) ပြည်၊ (၄) ဗူးအား (၁၀-၇-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jul2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ ၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေဘေးမှ အမိုးလန် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၅,၀၀၀) ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါ၊ မိုးကြိုး၊ မုန်တိုင်း၊ ရေ၊ မြေပြိုဘေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်နှင့် ဘိုရားကြီးကျေးရွာတို့တွင် (Covid-19) ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေ ဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_jul2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ဦးဝဲ(တဲတိုက်)၊ ဦးအုန်းသီး (တဲတိုက်)နှင့် နတ်ချောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၁၄) စု၊ လူဦးရေ (၅၃၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၀- ၇-၂၀၂၀) ရက်နေ့ (၁၁:၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် ကျွဲခရံကျေးရွာများတွင် covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုး ဘေး၊ မြေပြိုဘေး၊ ရေဘေး၊ ဗွီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရန် / ရှောင်ရန်နှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူ နံနက် (၈:၀၀)နာရီအချိန်မှ နေလည် (၁၃:၂၀)နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #tny_jul2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာ၊ ပိုးစာခြံကျေးရွာ၊ လောပိတစံပြကျေးရွာ၊ သတ္တပလူကျေးရွာနှင့် လောပိတကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #kyh_jul2020 Source: MOSWRR
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စေတုတ္တရာမြို့နယ်၊ ဖအိုင်း(အနောက်)ကျေးရွာသို့ (၂၈-၆-၂၀၂၀) ရက်နေ့နှင့် (၂၉-၆-၂၀၂၀) ရက်နေ့တို့တွင် ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၅)ဦးအတွက် ဆန်ဖိုးရက်(၃၀)စာ စုစုပေါင်းထောက်ပံ့ငွေ(၂၂၅,၀၀၀)ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_jul2020
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်းပြီး အုပ်စု(၂)ဖွဲ့ခွဲ၍ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခိုင်သဇင်စားသောက်ဆိုင်၊ သီပေါ-ပန်ကေတု လမ်းမပေါ်ရှိ ခရီးသွားပြည်သူများနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ လဝန်းသစ်စားသောက်ဆိုင်နှင့် သဘာဝ ရိပ် သာ သီလရှင်ကျောင်းရှိ သီလရှင်များက်ို Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှုအခြေအနေများကို … Read more









