သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ဦးဝဲ(တဲတိုက်)၊ ဦးအုန်းသီး (တဲတိုက်)နှင့် နတ်ချောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၁၄) စု၊ လူဦးရေ (၅၃၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၀- ၇-၂၀၂၀) ရက်နေ့ (၁၁:၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg
#mgy_Jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events