Category Archives: News
-
COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့ပေါ်ရှိ ရပ်ကွက်(၁၂)၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့ (ဝ၈၃၀)နာရီအချိန်မှစ၍ ပုသိမ်မြို့၊ အမှတ် (၆)ရပ်ကွက်နှင့် အမှတ် (၇)ရပ်ကွက်တို့အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့်ညွှန်ကြားချက်များ အားလည်းကောင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး များအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေး … Read more
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၂၁၀၀ဝ/-)၊ စုစုပေါင်းကျပ် (၂၂၁၀၀ဝ/-) ကျပ်အား (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကုန်းထိပ်ပြောင်ကျေးရွာ၊ တောင်ကမ္ဘားကျေးရွာ၊ တော်လှကျေးရွာ၊ ကွမ်းသီးချောင်းကျေးရွာ၊ တောင်ဇလဲကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးခဲ့သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရန် Handspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြိီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၂)ရပ်ကွက်၊ အပိုင်း(၃)တွင် (၁၃-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၈,၉၀ဝ) ကျပ်အား (၁၄-၇-၂၀၂၀) ရက်နေ့ (၁၄:၀၀) အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy _jul … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်လှိုင်ကျေးရွာအုပ်စုအတွင်းရှိ အောင်လှိုင်ကျေးရွာ၊ ညောင်ရွာကျေးရွာနှင့် ညောင်ရွာဖျားကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး … Read more
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ တော်ကူးကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာနှင့် ရင်းငြိမ်တောင် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ပြိီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့မှ(၁၄-၇-၂၀၂၀)ရက်နေ့ထိ ဧရာဝတီမြစ်၊ မြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ် ကွက်နှင့် ခွန်သာရပ်ကွက် စုစုပေါင်း အိမ်ထောင်စု (၂၄၂) စု၊ လူဦးရေ (၉၄၅) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၁,၉၈၄,၅၀ဝ/-)ကျပ်၊ အဝတ်mask လူ (၁) ဦး (၁) ခုနှုန်းဖြင့် (၉၄၅) ခုနှင့် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာချောင်း (၁) ချောင်းနှုန်းဖြင့် (၂၄၂) ချောင်းတို့အား … Read more









