Category Archives: News
-
Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များအားအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ဒေါဆိုဖျကျေးရွာ၊ ဒေါဖာကျေးရွာ၊ ဒေါကော့ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_Jul2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း
ဇူလိုင် ၁၆၊ နေပြည်တော် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဒေသ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေလျှံဘေးနှင့်စပ်လျဉ်း၍ ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်မှုနှင့် … Read more
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၁၅-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၇,၈၀၀/-) ကျပ်၊ ဓာတ်ဆား (၅၀) ထုပ်နှင့် First … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀)ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျခတ်ဝါးရုံအရှေ့စုကျေး ရွာ၊ ကျခတ်ဝါးရုံအနောက်စုကျေးရွာ၊ ကျခတ်ဝါးရုံတောင်စုကျေးရွာ၊ ကျခတ်ဝါးရုံရွာမကျေးရွာ၊ မင်းစုကျေးရွာ၊ တာစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကြို့ပင်သာရပ်ကွက်၊ ကြိုးကြာကန်ရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ ပိုစတာများ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀)ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ လေးသွန်းခံကျေးရွာ၊ ကထောင်းနီကျေးရွာနှင့် ကညုံကျွန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်၊ ကြည်စုရပ်ကွက်၊ ဆေးစက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ပုသိမ်မြေရပ်ကွက်များတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ သဘာဝဘေးအသိပညာပေး ခြင်းအား ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူး ကျေးရွာ၊ ဘိုက္ကားကျေးရွာနှင့် လက်ပြကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဦးစီးမှူးနှင့်အတူ (၁၅-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ကသာမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပံဇင်ကျေးရွာ၊ အောက် သဖန်းဒေါင့်ကျေးရွာ၊ မိုးတားလေးကျေးရွာအုပ်စု၊ အလယ်ရပ်၊ လက်ပန်ကျေးရွာကယ်ဆယ် ရေးစခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု (၇၄) စု၊လူဦးရေ (၃၄၆) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၇၂၆,၆၀၀) ကျပ်၊ ဆပ်ပြာ(၇၄)တောင့်၊ အဝတ် mask (၃၄၆) ခု၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၂၆,၆၀၀)ကျပ်တို့ကို(၁၆-၇-၂၀၂၀) … Read more
-
Covid-19 ရောဂါ၊ မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ နန်ချွန်ကျေးရွာ၊ ကွမ်းခြံစုကျေးရွာ၊ ဇလောင်း(တ၊မ)ကျေးရွာ၊ ငန်းစပ်ကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် ဝက်စုကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေ ပေးအပ်၍ အသိပညာပေးခြင်းများဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ တောင် ကြားကျေးရွာနှင့် ဝင်းပကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









