Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များအားအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ဒေါဆိုဖျကျေးရွာ၊ ဒေါဖာကျေးရွာ၊ ဒေါကော့ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#kyh_Jul2020

Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events