Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိအင်းဝင်းအုပ်စု (အင်းဝင်းကျေးရွာ၊ ကုက္ကိုပေါက်ကျေးရွာ) အိုင်ဒွန်းအုပ်စု (အိုင်ဒွန်းကျေးရွာ၊ ပေါက်ချောင်းကျေးရွာ) အပျောက်အုပ်စု (အပျောက်(အနောက်)၊ အပျောက် (အရှေ့)၊ နှောပင်ကျေးရွာ) ကုန်းတောင်းအုပ်စု (ကုန်းတောင်း(အနောက်)၊ ကုန်းတောင်း(တောင်)၊ ကုန်းတောင်း(မြောက်)) ညောင်အိုင်အုပ်စု(ညောင်အိုင်ကျေးရွာ၊ ကမ္ဘားမြင့်ကျေးရွာ) ဘုရားကုန်းအုပ်စု (ရွှေလှံ(တောင်)၊ ရွှေလှံ(မြောက်)၊ ဘုရားကုန်း ကျေးရွာ) တမာကုန်းအုပ်စု (တမာကုန်းကျေးရွာ၊ ကျီးကန်ကျေးရွာ၊ ခလတ်ကုန်း ကျေးရွာများရှိ ပြည်သူများအား Covid 19 ကူးစပ်နှင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့၊ ် (၀၉:၀၀) အချိန်မှ (၁၂:၀၀) အချိန်ထိ သံတောင်ကြီးမြို့နယ်၊ မောင်နွှဲ့ကြီးကျေးရွာအုပ်စုအတွင်းရှိ မောင်နွှဲ့ကြီးကျေးရွာ၊ နန်းချိန်ခွင်ကျေးရွာနှင့် မဲသင်္ခါကြီးကျေးရွာများတွင် Covid-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် ဝေငှပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_Jul2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညောင်ရွှေမြို့နယ်၊ ရေပယ်ကျေးရွာ၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများအား Hand Speaker များဖြင့် လိုက်လံ ဟောပြောခြင်းနှင့် Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_Jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ကျွန်းကြီးကျေးရွာ၊ ပါပေါင်းကျေးရွာ၊ စင်းခန်းကျေးရွာ၊ ကောင်းတုန်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့၌ (၂၃-၇-၂၀၂၀)ရက်နေ့နှင့် (၂၄-၇-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၀၀)စုမှ လူဦးရေ (၅၄၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁,၁၃၆,၁၀၀/-) ကျပ်နှင့် အဝတ်နှာခေါင်းစည်း(၅၄၁)ခု၊ ဆပ်ပြာတောင့်(၁၀၀)တောင့်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပင်လောင်းမြို့နယ်၊ ပင်လောင်းမြို့မစျေးနှင့် နောင်တရားစျေးတို့၌Covid-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များ Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_Jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ကဝမြို့၊ ရှမ်းကန်ကျေးရွာ၊ ဇင်းဘုကျေးရွာ၊ သခွပ်ကန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာကပ်ခြင်းတို့ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ထုံမံကျေးရွာနှင့် ကွမ်ကဗွီးကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်စွန်းကျေးရွာနှင့် ဒေါင်းဥအနောက်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ တပ်ကုန်း ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၌ (၂၇-၇-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာတို့အား (၂၈-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူနှင့်အတူ မြို့နယ်ထွေ/အုပ် အစည်းဝေးခန်းမတွင် … Read more
-
ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အာဆီယံ – မြန်မာ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ ဇူလိုင်၂၇ ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က အဖွင့်အမှာစကား အသီးသီး ပြောကြား ခဲ့ကြပါသည်။ အစည်းအဝေးပူးတွဲသဘာပတိဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာ … Read more









