Category Archives: News
-
Covid-19 ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ၊ ကြပ်ကုန်းကျေးရွာ၊ ဉယာဉ်စုကျေးရွာ၊ သဘော့ကုန်းကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ မြို့မစျေး၊ အောင်းဆန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများတင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ အား လှည့်လည်ကြေညာခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကျုံတဒွန်းကျေးရွာအုပ်စု၊ အရှေ့ထန်းတပင်ကျေးရွာ၌ (၉-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာကိုလည်းကောင်း၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်အလက်များပါဝင်သည့် ဗွီနိုင်း(၁)ခုအား (၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့ (၁ဝ:၀၀) နာရီမှ (၁၃:၀၀)နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းကာလအတွင်းပြည်သူ့များလိုက်နာရမည့် ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကဇင်းငူကျေးရွာအုပ်စုရှိ စိန်ကျွန်းကျေးရွာ၊ သမိုင်းကျေးရွာ၊ လက်ကြားကျေးရွာနှင့် စံကျောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို အသိပညပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် ဘေး (၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာ၌ (၁၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျနိုင်သည့်အခြေအနေကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၅၄,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၅၄,၆၀၀) ကျပ်တိတိအား (၁၃-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် (၇-၈-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀ဝ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၁၆၈၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၆၈၀ဝ/-)ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရွှေလောင်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
နမ့်ခမ်းမြို့နယ်ရှိ IDPs Camps များ၌ Covid-19 ရောဂါကာကွယ်နိုင်ရန် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDPs Camps (၆) ခုရှိ ပြည်သူများ Covid-19 ရောဂါကာကွယ်နိုင်ရန် (၁) ဦးလျှင် ဆပ်ပြာခဲ(၂)ခဲနှုန်းဖြင့် စုစုပေါင်းဆပ်ပြာခဲ(၃၉၄၈) ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်း ကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါ သည်။ Source: DMH
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ကျွန်းညိုကျေးရွာအုပ်စု၊ ကြံခင်းစုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ်တို့ကို (၁၃-၈-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_aug2020 … Read more









