လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် (၇-၈-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀ဝ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၁၆၈၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၆၈၀ဝ/-)ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရွှေလောင်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)