လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့ (၁ဝ:၀၀) နာရီမှ (၁၃:၀၀)နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းကာလအတွင်းပြည်သူ့များလိုက်နာရမည့် ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_aug2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)